Article version 2021.186.0

ကိုယ်ပိုင်မူ အသိပေးချက် – Volvo ID

စတင်အကျုံးဝင်သည့်ရက်စွဲ-

ထုတ်ဝေဖြန့်ချိသည့်နေရာ-

ဤစာရွက်စာတမ်းသည် Volvo Cars (အောက်တွင် အဢိပ္ပါယ်ဖွင့်ဆိုသည့်အတိုင်း) သည် Volvo Cars ဒစ်ဂျစ်တယ် ဂေဟဢစ် (ဤမှစ၍ "Volvo ID") အတွင်း ဝဢ်ဆောင်မှုများ ရယူသုံးစွဲရဢ် သင့် Volvo ID ကိုဖဢ်တီးပြီး အသုံးပြုသည့်အခါ သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကိုလုပ်ဆောင်ပါသည်။

သင်သည် အောက်ပါတို့ကို တွေ့ရှိနိုင်သည်-

1. ကျွန်ုပ်တို့က ဘယ်သူတွေလဲ

သင်၏ Volvo ID ဖဢ်တီးပြီး အသုံးပြုမှု ဢှင့်ဆက်စပ်၍ ပုဂ္ဂိုလ်ရေး ဒေတာ ပရောဆက်ဆင်းလုပ်ဆောင်ချက်အတွက် တာဝဢ်ရှိသော အဖွဲ့အစည်းမှာ Volvo Car Corporation ဖြစ်ပြီး ၎င်း၏ ရုံးကို Assar Gabrielssons Väg, SE-405 31, Gothenburg, Sweden တွင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ မှတ်ပုံတင် အမှတ် 556074-3089, ဤမှစ၍ "Volvo Cars", "ကျွဢ်", သို့မဟုတ်"မိမိတို့"အဖြစ် ညွှဢ်းဆ.

2. ကျွန်ုပ်တို့ ကောက်ခံသည့် ပုဂ္ဂိုလ်ရေး ဒေတာနှင့် ကောက်ခံရသည့် အကြောင်းရင်း

Volvo Cars ဒစ်ဂျစ်တယ် ဂေဟနစ် အတွင်း ဝန်ဆောင်မှုများ ရယူသုံးစွဲရန် သင်၏ Volvo ID ဖန်တီးပြီး အသုံးပြုမှုတွင် အောက်ပါ ပုဂ္ဂိုလ်ရေး ဒေတာအမျိုးအစား ပရောဆက်လုပ်ခြင်းတို့ ပါဝင်သည်-

ကျွန်ုပ်တို့သည် ခွဲခြားသတ်မှတ်နိုင်သောအချက်များ (သင်၏ ပထမအမည်နှင့် မျိုးရိုးအမည်၊ ဖုန်းနံပါတ်၊ ပြောလိုသည့် ဘာသာစကား၊ နိုင်ငံ၊ အီးမေးလ်လိပ်စာနှင့် စကားဝှက် ကဲ့သို့)အား သင့်ထံမှ ‌ကောက်ခံပြီး မိမိတို့က အကောင့်တစ်ခု ဖန်တီးသည်၊ Volvo ID လိုအပ်သည့် Volvo Cars ဝန်ဆောင်မှုများသုံးစွဲခွင့် သင့်ထံ ပေးအပ်သည်၊ သင်၏ Volvo ID နှင့် ဆက်စပ်၍ သင့်အား ဆက်သွယ်သည်။ ဤဒေတာ ပရောဆက်ဆင်းအတွက် ဥပဒအကြောင်းရင်းမှာ သင်မှ Volvo Cars နှင့်ချုပ်ဆိုထားသည့် စာချုပ် ((Art. 6.1.f) GDPR) အကောင်အထည်ဖော်ပေးရန် ဖြစ်သည်။

သင်၏ Volvo ID နှင့် ၎င်းနှင့်ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုများကို Volvo ID Portal တွင်အကြမ်းဖျင်းပြသရန် ကျွန်ုပ်တို့က သင့် Volvo ID၊ ယာဥ် အချက်အလက် (VIN, ကား အသေးစိတ်) ၊ သင့် Volvo ID နှင့် ချိတ်ဆက်နေသည့် ဝန်ဆောင်မှုများအကြောင်း ပရောဆက်လုပ်ပါသည်။ ဤပရောဆက်လုပ်ရသည့် ဥပဒေအကြောင်းရင်းမှာ သင်၏ Volvo ID နှင့်ဆက်နွယ်ပတ်သက်နေသည့် ကားများနှင့် ဝန်ဆောင်မှုများအားလုံးအား အနှစ်ချုပ်ဖော်ပြရန် တရားဝင်ဖြစ်မှု အကျိုးစီးပွား ((Art. 6.1.f) GDPR) ဖြစ်ပါသည်။

သင်၏ Volvo ID ဖန်တီးခြင်း သို့မဟုတ် သုံးစွဲခြင်းနှင့် ဆက်စပ်၍မိမိတို့ထုတ်ကုန်၏ ယုံကြည်စိတ်ချရမှု ပိုကောင်းစေရန် ကျွန်ုပ်တို့သည် ပြဿနာဖြေရှင်းရေးနည်းလမ်းများအတွက် သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကိုလုပ်ဆောင်သည်။ ထိုအခါ ကျွန်ုပ်တို့သည် သင်၏ Volvo ID (သုံးစွဲသူအမည်နှင့် သုံးစွဲသူ ID)ကို အသုံးပြုပါသည်။ ဤအတွက် ဥပဒအကြောင်းရင်းမှာ သင့်အတွက် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော ထုတ်ကုန်များ ပံ့ပိုးဖို့ အာမခံပေးရန် မိမိတို့၏ တရားဝင် အကျိုးစီးပွား ((Art. 6.1.f) GDPR) အရ ဖြစ်ပါသည်။

3. သင်၏ဒေတာကို ကျွန်ုပ်တို့မှ သိမ်းထားသည့် ကြာချိန်

သင့်တွင် မှတ်ပုံတင်ထားသော Volvo ID တစ်ခုရှိနေသရွေ့ကာလပတ်လုံး သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့မှ သိမ်းဆည်းထားပါမည်။ သင်၏ Volvo ID ကိုဖျက်ပစ်လိုက်ပါက (Volvo ID Portal မှတဆင့် ပြုလုပ်နိုင်သည်) ဖျက်ပစ်ရန် သင်တောင်းခံပြီးနောက် ရက်ပေါင်း သုံးဆယ် (30) တွင် ဆက်နွယ်နေသည့်ဒေတာနှင့် အတူ Volvo ID ကို ဖျက်ပစ်ပါမည်။

4.သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့က မည်သူနှင့် မျှဝေပုံ

Volvo ID ပံ့ပိုးမှုတွင် ထောက်ပံ့ပေးသော ပရောဆက်ဆာ အမျိုးအစားများမှာ-

  • အကောင့်ဖန်တီးမှုနှင့် ခွင့်ပြုချက်ပေးခြင်း ဝန်ဆောင်မှုပံ့ပိုးသူ-
  • ဒေတာ ဟိုစတင်း
  • အီးမေးလ်များ နှင့် sms ဖြန့်ဝေမှု
  • ပြဿနာဖြေရှင်းနည်း ဝန်ဆောင်မှု ပံ့ပိုးသူ

သူတို့သည် ဒေတာ ပရောဆက်လုပ်ခြင်းသဘောတူညီမှုတစ်ခုစီနှင့်အညီလိုက်နာချက်အရ မိမိတို့အတွက် ဝန်‌ဆောင်ပေးရုံမှတပါး သင်၏ပုဂ္ဂိုလ်ရေး ဒေတာအား မည်သည့်ရည်ရွယ်ချက်မဆိုအတွက် သုံးစွဲရန် စာချုပ်အရ ကန့်သတ်မှုရှိသည်။ ဤအခြေအနေများအနက် အချို့မှာ ပရောဆက်ဆာသုံးစွဲမှုသည် ဥရောပ သမ္မဂပြင်ပတွင် ကန့်သတ်ထားသည့် ပုဂ္ဂိုလ်ရေး ဒေတာ လွှဲ ပြောင်းမှုတို့ ပါဝင်နေသည်။ အဆိုပါလွှဲပြောင်းမှုမှာ အနိမ့်ဆုံးလိုအပ်ချက်အထိ ကန့်သတ်ထားကြောင်း၊ သင်မည်သူဖြစ်ကြောင်း တိုက်ရိုက် မဖော်ထုတ်နိုင်သော ဒေတာသာ ပါဝင်ကြောင်း၊ သို့ဖြစ်၍ ခွင့်ပြုချက်မပေးသော ဖွင့်ဟမှုတွင် ဘေးအနိမ့်ဆုံးဖြစ်စေကြောင်း ကျွန်ုပ်တို့မှ ကြိုတင်သတိပြုမှုများ လုပ်ဆောင်ထားပါသည်။

5. မိမိတို့ လုပ်ဆောင်သည့် ဒေတာ ပရောဆက်ဆင်းနှင့် ဆက်စပ်၍ သင့် အခွင့်အရေးများ

ဒေတာပိုင်ဆိုင်မှုဖြစ်သူတစ်ဦးနေအဖြင့်သင့်အကြောင်းမိမိတို့ ပရောဆက်လုပ်သည့် ပုဂ္ဂိုလ်ရေး ဒေတာနှင့်ဆက်စပ်၍ General Data Protection Regulation မှ ခွင့်ပြုထားသည့် ဥပဒေဆိုင်ရာ အခွင့်အရေး သင့်တွင်ရှိသည်၊ ၎င်းတို့ကို အောက်တွင် အကျဥ်းချုပ်ရှင်းပြထားပြီး အောက်တွင် ညွှန်းပြထားသည့် ရည်စူးဖောင်ကိုဖြည့်စွက်ခြင်းဖြင့် ၎င်းတို့ကို သင်ကျင့်သုံးနိုင်သည်။

  1. ခွင့်ပြုချက် ရုပ်သိမ်းခွင့် - သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်းအတွက် သင်ခွင့်ပြုချက်ပေးထားသည့်အခါ ရှေ့အနာဂတ်တွင် သက်ရောက်မှုနှင့်အတူ သင့်ခွင့်ပြုချက်ကို သင်အချိန်မရွေး ရုပ်သိမ်းနိုင်သည်။
  2. သင်၏ ပုဂ္ဂိုလ်ရေး ဒေတာအား သုံးစွဲပိုင်ခွင့်- ကျွန်ုပ်တို့မှ ထိန်းသိမ်းထားသည့် သင့်ပုဂ္ဂိုလ်ရေး ဒေတာနှင့်ဆက်စပ်သော အချက်အလက်ကိုကျွန်ုပ်တို့ထံမှ သင်တောင်းယူခွင့်ရှိသည်။ တောင်းခံမှုလုပ်လျှင် ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာ မိတ္တူကို သင့်ထံ ပံ့ပိုးသွားမည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာ၏ နောက်ထပ်မိတ္တုများကို သင်တောင်းခံလျှင် စီမံအုပ်ချုပ်ရေး ကုန်ကျမှုပေါ်အခြေခံထားသည့် ကျိုးကြောင်းသင့်တော်သော အခေကြေးကို သင့်ထံ ကောက်ခံပါမည်။ ကျွန်ုပ်တို့က သင့် ပုဂ္ဂိုလ်ရေး ဒေတာအား ပရောဆက်လုပ်မလုပ် အတည်ပြုရန်၊ EU နှင့် EEA ပြင်ပရှိနိုင်ငံတစ်ခုတွင် သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းမှုရှိမရှိ သိရှိရန် သင်တောင်းခံလျှင် EU နှင့် EEA ပြင်ပရှိနိုင်ငံတစ်ခုတွင် သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းမှုအတွက် မိမိတို့၏ဘေးကင်းလုံခြုံရေးလုပ်ထုံးများကြောင်း အချက်အလက်ကို သင်ရယူခွင့်ရှိသည်။
  3. ပြန်လည် ပြုပြင်ဆင်ခွင့်- သင်နှင့်ဆက်စပ်၍ မမှန်ကန်သော သို့မဟုတ် မပြည့်စုံသော ပုဂ္ဂိုလ်ရေး ဒေတာအား ပြန်လည် ပြုပြင်ဆင်မှုကို ကျွန်ုပ်တို့မှ သင်ရယူခွင့်ရှိပါသည်။ မိမိတို့အတွက် ရရှိနိုင်သော လတ်တလောအဖြစ်ဆုံး အချက်အလက်ပေါ်အခြေခံပြီး တိကျမှန်ကန်သော၊ ပြည့်စုံသော၊ လက်ရှိဖြစ်၍ သက်ဆိုင်မှု၊ ဆက်သွားနေမှုတွင် အသုံးပြုရာတွင် ကျွန်ုပ်တို့မှ ပုဂ္ဂိုလ်ရေး ဒေတာလက်ဝယ်ထားရှိရန် သို့မဟုတ် ထိန်းချုပ်ရန် ကျိုးကြောင်းဆီလျော်သည့် အားထုတ်မှု ပြုလုပ်သွားမည်။
  4. ကန့်သတ်ခွင့်- ကျွန်ုပ်တို့မှ သင့်ပုဂ္ဂိုလ်ရေး ဒေတာ ပရောဆက်လုပ်ခြင်းအားသင် ကန့်သတ်နိုင်သည် အကယ်၍-
    1. ကျွန်ုပ်တို့မှ တိကျမှန်ကန်မှုအား စစ်ဆေးအတည်ပြုရန်လိုသည့် ကာလအတွက် သင့်ပုဂ္ဂိုလ်ရေး ဒေတာတိကျမှန်ကန်မှုကို သင်ခွင့် ပြုထောက်ခံလျှင်၊
    2. ပရောဆက်လုပ်ခြင်းမှာ ဥပဒေမဲ့ဖြစ်ပြီး သင့်ပုဂ္ဂိုလ်ရေး ဒေတာအား ဖျက်ပစ်မည့်အစား ပရောဆက်လုပ်ခြင်းကို ကန့်သတ်ရန် သင်တောင်းခံလျှင်၊
    3. ပရောဆက်လုပ်ဖို့ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့မလိုအပ်တော့သော်လည်း ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက် ၎င်းတို့အား လိုအပ်လျှင် သို့မဟုတ်
    4. မိမိတို့၏ ဥပဒေအကြောင်းရင်းခံမှာ သင်၏အကြောင်းရင်းခံအား ပယ်ချမှု ရှိမရှိ ကျွန်ုပ်တို့ စစ်ဆေးအတည်ပြုစဥ် ပရောဆက်လုပ်ခြင်းကို သင်ကန့်ကွက်လျှင်။
  5. ပြောင်းလဲသယ်ယူခွင့်- မိမိတို့ထံ သင်ပေးထားသည့် သင့်ပုဂ္ဂိုလ်ရေး ဒေတာကို သင်လက်ခံရရှိခွင့် နှင့် နည်းပညာအရ အဆေင်ပြေအောင် ဆောင်ရွက်ပေးနိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ အခြားအဖွဲ့အစည်းတစ်ခုသို့ သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းပေးရန် (သင်မှမိမိတို့ထံပေးသည့်) သင်တောင်းခံခါင့်ရှိသည်မှာ အကယ်၍-
    1. ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာကို အလိုအလျှောက်နည်းဖြင့် ပရောဆက်လုပ်ပါက-
    2. သင့်ခွင့်ပြုချက်ဖြင့် သင့်ပုဂ္ဂိုလ်ရေး ဒေတာကိုကျွန်ုပ်တို့က စတင်ပရောဆက်လုပ်ခြင်း သို့မဟုတ် မိမိတို့၏ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ပရောဆက်လုပ်ခြင်းမှာ သင်မှချုပ်ဆိုထားသည့် စာချုပ်အကောင်အထည်ဖော်မှု သို့မဟုတ် စွမ်းဆောင်မှုအတွက် လိုအပ်ပါက-
    3. သင်က သင်၏ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့ထံ ပေးအပ်ထားပါက -နှင့်
    4. သင်၏ပြောင်းလဲသယ်ယူခွင့်သည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား တန်ပြန်သက်ရောက်မှု မရှိပါက။
    သင်၏ပုဂ္ဂိုလ်ရေးဒေတာကို စနစ်တကျဖွဲ့စည်းထားပြီး စက်ဖြင့် ဖတ်ရှု၍ရသော အသုံးများသော ပုံစံဖြင့် ရရှိခွင့်သင့်တွင်ရှိသည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာရရှိနိုင်သည့် သင့်အခွင့်အရေးသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား တန်ပြန်သက်ရောက်မှု မရှိရ။ သင့်ပုဂ္ဂိုလ်ရေး ဒေတာအား မိမိတို့ထံမှ အခြားအဖွဲ့အစည်းတစ်ခုထံသို့ လွှဲပြောင်းရန် သင့်အခွင့်အရေးသည် အဆိုပါ လွှဲပြောင်းမှုမှာ နည်းပညာအရ လုပ်ဆောင်ပေးနိုင်ပါက သင့်တွင်ရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
  6. ဖျက်ပစ်ခွင့်- သင့်အကြောင်း ကျွန်ုပ်တို့ ပရောဆက်လုပ်သည့် ပုဂ္ဂိုလ်ရေး ဒေတာအား ကျွန်ုပ်တို့ဖျက်ပစ်ရန် သင်တောင်းဆိုပိုင်ခွင့်ရှိသည်။ ပရောဆက်လုပ်ခြင်းမှာ မလိုအပ်လျှင် ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ပရောဆက်လုပ်ပါက ဤတောင်းခံမှုကို ကျွန်ုပ်တို့ ဖြည့်ဆီးပေးရမည်-
    1. အချက်အလက်များ နှင့် လွတ်လပ်စွာပြောဆိုခွင့်အား ကျင့်သုံးမှုအတွက်-
    2. လိုက်နာရမည်ဖြစ်သည့် သမ္မဂ သို့မဟုတ် အဖွဲ့ဝင် နိုင်ငံဥပဒေအရ ပရောဆက်လုပ်ခြင်းလိုအပ်သည့် ဥပဒေဆိုင်ရာ ဝတ္တရားနှင့်အညီ လိုက်နာမှုအတွက်-
    3. ပြည်သူ့အကျိုးစီးပွား၊ သိပ္ပံနည်းပညာသို့မဟုတ် သမိုင်းဆိုင်ရာ သုတေသနပြုလုပ်မှု သို့မဟုတ် ကိန်းဂဏန်းအချက်အလက်ထုတ်လုပ်မှု အတွက် သို့မဟုတ်
    4. ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက်။
  7. ကန့်ကွက်ခွင့်- ပရောဆက်လုပ်ခြင်းမှာ သင့် ခွင့်ပြုချက် ပေါ် အခြေမခံဘဲ မိမိတို့၏ တရားဝင်ဖြစ်မှု အကျိုးစီးပွား သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏ တရားဝင်ဖြစ်မှု အကျိုးစီးပွား ပေါ်အခြေခံမှုအား ထောက်ရှုခြင်းအားဖြင့် သင်၏ အထူးအခြေအနေတရပ်ကြောင့် သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်းကို သင်အချိန်မရွေး ကန့်ကွက်နိုင်သည်။ ဤဖြစ်ရပ်တွင် ကျွန်ုပ်တို့သည် ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက်ဖြစ်စေ ပရောဆက်လုပ်ရန်အတွက်ဖြစ်စေ လက်ခံရမည်ဖြစ်သော တရားဝင်ဖြစ်မှုအကြောင်းရင်းခံများကို မပြသနိုင်လျှင် နှင့် အကျိုးစီးပွားတစ်ခုကို မပယ်ချနိုင်လျှင် သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့မှ ပရောဆက်မလုပ်စေရ။ သင်က ပရောဆက်လုပ်ခြင်းကို ကန့်ကွက်လျှင် သင့်ပုဂ္ဂိုလ်ရေး ဒေတာအား ဖျက်ပစ်လိုခြင်း ရှိမရှိလည်း အတိအလင်းဖော်ပြပါ သို့မဟုတ်လျှင် ကျွန်ုပ်တို့က ကန့်သတ်မှုသာပြုလုပ်သွားမည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို တိုက်ရိုက်မားကတ်တင်းအတွက် ပရောဆက်လုပ်မှု (အဆိုပါတိုက်ရိုက်မားကတ်တင်းနှင့် ဆက်စပ်သည့် အတိုင်းအတာအထိ ပရိုဖိုင်သွင်းခြင်း ပါဝင်သည်) နှင့် အဆိုပါ ပရောဆက်လုပ်ခြင်းမှာ မိမိတို့ တရားဝင်ဖြစ်မှု အကျိုးစီးပွားပေါ် အခြေခံလျှင် အကြောင်းရင်းတစ်ခုခုမည်သို့ပင်ရှိစေကာမူ သင်က အချိန်မရွေး ကန့်ကွက်ပိုင်ခွင့်ရှိသည်။ မားကတ်တင်းမှာ သင့်ခွင့်ပြုချက်ပေါ် အခြေခံပါက သင့်ခွင့်ပြုချက်ကို သင်ရုပ်သိမ်းနိုင်သည် (အထက်တွင်ကြည့်ပါ)-
  8. မကျေနပ်ချက်အား တိုင်ကြားခွင့်- သင်က မကျေနပ်ချက်တစ်ခုကို သင်၏ ဒေသဆိုင်ရာ ဒေတာ ကာကွယ်ပေးရေး သင့်အထက်လူကြီး အာဏာပိုင်ထံတွင်ဖြစ်စေ EU ရှိ မည်သည့် ဒေတာ ကာကွယ်ပေးရေး အာဏာပိုင်မဆိုထံတွင်ဖြစ်စေ သင်တင်ပြခွင့်ရှိသည်။ သို့သော် သင့်ပြဿနာကို အရင်ဆုံးကြိုးစားဖြေရှင်းပေးရန် မိမိတို့အား ဆက်သွယ်မှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်- မိမိတို့အား ဆက်သွယ်ရန် အသေးစိတ်ကို အောက်တွင်တွေ့နိုင်သည်။

သင့်တောင်းခံမှုကို သင့်တောင်စွာ ကူညီဖြေရှင်းနိုင်စေမည့် သင့်တောင်းခံမှုကို ကျွန်ုပ်တို့မှ သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ဤဖောင် အားဖြည့်စွက်ခြင်းဖြင့် မိမိတို့နှင့်ဆက်နွယ်နေသည့် သင့်အခွင့်အရေးကို သင်အသုံးချနိုင်သည်။ ွအန်လိုင်းဖောင်တွင် သင်မှတ်ပုံတင်အား စစ်ဆေးအတည်ပြုရန်လိုအပ်သည့် အချက်အလက်နှင့် သင့်တောင်းခံမှုအား သုံးသပ်ရန်တို့ ပါရှိသည်။ တယ်လီဖုန်းသို့မဟုတ် အီးမေးလ်ဖြင့် တင်သွင်းသည့် တောင်းခံမှုများအတွက် ပုဂ္ဂိုလ်ရေး ဒေတာကောက်ခံ- ခံရသောသူမှာ သင်ဖြစ်ကြောင်း ကျွန်ုပ်တို့မှ အကျိုးသင့်အကြောင်းသင့် စစ်ဆေးအတည်ပြုနိုင်ဖို့ လုံလောက်သည့် အချက်အလက် ကို သင်ပေးရမည်ဖြစ်သလို သင့်တောင်းခံမှုအား သင့်လျော်စွာ အကဲဖြတ်နိုင်စေမည့် လုံလောက်သောအသေးစိတ်များကိုလည်း သင့်တောင်းခံမှုတွင် ဖော်ပြဖို့ လိုအပ်သည်။ ပံ့ပိုးထားသည့် အချက်အလက်ဖြင့် ကျွန်ုပ်တို့မှ တောင်းခံမှုကြည့်ရှု၍ ဖျက်ပစ်ဖို့အတွက် သင်၏မှတ်ပုံတင်ကို စစ်ဆေးအတည်မပြုနိုင်သည့်အခါ ကျွန်ုပ်တို့က သင့်ထံမှ နောက်တိုးအချက်အလက်များ တောင်းခံပါမည်။

6. ဆက်သွယ်ရန် အချက်အလက်

သင့်အခွင့်အရေးများကိုကျင့်သုံးရန် အထက်ရှိ အပိုင်း ၅ ကိုကြည့်ပါ။ ပုဂ္ဂိုလ်ရေး ဒေတာကာကွယ်ပေးခြင်းနှင့် စပ်လျဥ်း၍ သင့်တွင် မေးစရာတစ်ခုခုရှိလျှင် မိမိတို့ထံ အောက်ပါ ဆက်သွယ်ရန် အချက်အလက်မှတဆင့် ဆက်သွယ်နိုင်သည်-

Volvo Car Corporation

စာပို့ရန် လိပ်စာ- Assar Gabrielssons väg, SE-405 31, Gothenburg, Sweden

အီးမေးလ်လိပ်စာ-globdpo@volvocars.com

7. မိမိတို့ ကိုယ်ပိုင်မူ အသိပေးချက် ပြောင်းလဲခြင်းများ

မိမိတို့၏ ကိုယ်ပိုင်မူ ကျင့်သုံးမှုများအား ချိန်ညှိပြင်ဆင်ရန်၊ ဤ ကိုယ်ပိုင်မူ အသိပေးချက်အား အချိန်မရွေး ပြင်ဆင်ဖြည့်စွက်ရန် အခွင့်အရေးကို မိမိတို့၏ အကြွင်းမဲ့လုပ်ပိုင်ခွင့်ဖြင့် သီးသန့်ထားရှိသည်။ ဤသတိပေးချက်တွင် အခြေအနေပြောင်းလဲမှုကို ကျွန်ုပ်တို့ပြုလုပ်သည့်အခါတိုင်း အထူးသဖြင့် ဤသတိပေးချက်မှာ သင့်ခွင့်ပြုချက်ကို မီးမောင်းထိုးပြသည့်အခါ အပြောင်းအလဲများအကြောင်းကို သင်ထံ အသိပေးသွားပါမည်။ ဤကိုယ်ပိုင်မူ အသိပေးချက်မှာ စာရွက်စာတမ်းအပေါ်ထိပ်တွင် မြင်တွေ့ရသည့် ရက်စွဲမှာ လက်ရှိသက်ဝင်ပါသည်။