Article version 2024.115.0

Volvo Cars အက်ပ် ပုဂ္ဂိုလ်ရေးအသိပေးချက်

စတင်အကျုံးဝင်သည့်ရက်စွဲ-

ထုတ်ဝေဖြန့်ချိသည့်နေရာ-

Volvo ယာဥ်နှင့် သင့်အား ချိတ်စက်ပေးထားသော Volvo Cars မိုဘိုင်း အက်ပလီကေးရှင်း (ဤမှစ၍ "Volvo Cars App") ကို သင်သုံးစွဲသည့်အခါ ဤစာရွက်စာတမ်းသည် Volvo Cars (အောက်တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း) နှင့် တစ်ခါတစ်ရံ၌ အခြားသော လုပ်ငန်းများက သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ပုံကို ဖော်ပြပါသည်။

The Volvo Cars app တွင် မိမိတို့အောက်တွင် ရှင်းပြထားသည့်အတိုင်း ပုဂ္ဂိုလ်ရေး ဒေတာအမျိုးအစားများစွာရှိစေသည့် လုပ်ဆောင်ချက်များစွာ ပါဝင်ပါသည်။ သင့်ဈေးကွက်နှင့် သင်ရွေးချယ်သည့် အသင်းဝင်ကြေးအမျိုးအစားပေါ်မူတည်ပြီး အဆိုပါ လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း အုပ်စုဖွဲ့နိုင်သည်-

  • Volvo Cars ဝန်ဆောင်မှုများ - ယင်းတွင် အောက်ရှိ2.1 (Volvo Cars App အား သင်အသုံးပြုသောအခါ) 2.2 (Volvo Cars အဝေးမှ ယာဥ် ဝန်ဆောင်မှုများ), 2.3 (မောင်းနှင်မှု ဂျာနယ်မှတ်တမ်း), 2.4 (ဧည့်သည်နှင့် ကားမျှစီးခြင်း လုပ်ဆောင်ချက်), 2.5 (အက်ပ် ပိုင်းခြား စိတ်ဖြာမှု), 2.6 (သုတေသနနှင့် တီထွင်ထုတ်လုပ်မှု), 2.7 (Volvo Cars App အတွက် သင့်အသင်းဝင်မှု) အပိုင်းများတွင် ဖော်ပြထားသည့် ရှုထောင့်များ ပါဝင်သည်။

သင်သည် အောက်ပါတို့ကို တွေ့ရှိနိုင်သည်-

1. သင်၏ ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ရာတွင် တာဝန်ရှိသူ

သင့်ပုဂ္ဂိုလ်ရေး ဒေတာအား Volvo Cars App တွင် ပရောဆက်လုပ်ခြင်းအတွက် တာဝန်ကို အောက်တွင်ဖော်ပြပါအတိုင်း ခွဲဝေထားသည်-

  • Volvo Cars အဝေးမှ ယာဥ် ဝန်ဆောင်မှုများ၊ မောင်းနှင်မှု ဂျာနယ်မှတ်တမ်း၊ ကားမျှဝေခြင်းနှင့် ဧည့်သည် လုပ်ဆောင်ချက်၊ အက်ပ် ပိုင်းခြား စိတ်ဖြာမှု အပြင် သုတေသနနှင့် တီထွင်ထုတ်လုပ်မှု နှင့်ဆက်စပ်ပြီး ပုဂ္ဂိုလ်ရေး ဒေတာအား အဓိကအားဖြင့် ပရောဆက်လုပ်ခြင်းအတွက် တာဝန်ရှိအဖွဲ့အစည်းမှာ Volvo Car Corporation ဖြစ်ပြီး ၎င်း၏ မှတ်ပုံတင်ထားသည့် ရုံးခန်းမှာ Assar Gabrielssons Väg, SE-405 31, Gothenburg, Sweden, ကုမ္ပဏီမှတ်ပုံတင်အမှတ်556074-3089ဤမှစ၍ "Volvo Cars" ဟုရည်ညွှန်းမည်။

2. ကောက်ခံထားသည့် ပုဂ္ဂိုလ်ရေး ဒေတာ၊ အကြောင်းရင်းနှင့် ကြာချိန်

အထက်တွင် ရှေးယခင်က ဖော်ပြခဲ့သလို Volvo Cars App သည် သင့်ကားမော်ဒယ်လ်နှင့် ဈေးကွက်ပေါ်မူတည်ပြီး မတူညီသော လုပ်ဆောင်ချက်များစွာ ပါရှိသည်- အောက်တွင် ‌ဖော်ပြထားသည့် လုပ်ဆောင်ချက်များမှာ သင့်အတွက် သက်ဆိုင်မရှိနိုင်ပေ။

2.1 Volvo Cars App အား သင်အသုံးပြုသောအခါ

Volvo Cars App အား သင်အသုံးပြုသောအခါတွင် ကျွန်ုပ်တို့သည် ၎င်း၏ လုပ်ဆောင်မှုကို စောင့်ကြည့်ရန်နှင့် လိုအပ်သောအခါ ပြဿနာဖြေရှင်းရေး အစီအမံများကို လုပ်ဆောင်ရန်အတွက် Volvo Cars App အား သင်အသုံးပြုမှုနှင့်သက်ဆိုင်သည့် ဒေတာအချက်အလက်များကို အလိုအလျောက် ကောက်ခံပါသည်။ ဤသို့လုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့သည် စက်ပစ္စည်းအချက်အလက်များ (ဥပမာ - စက်ပစ္စည်းထုတ်လုပ်သူ၊ အက်ပ်ထည့်သွင်းမှု ID)၊ ယာဉ်နှင့်ပတ်သက်သည့် အထွေထွေအချက်အလက်များ (ဥပမာ - ယာဉ်မော်ဒယ်နှင့် အမျိုးအစား၊ ခုနှစ်၊ အသုံးပြုသူနိုင်ငံ) နှင့် အသုံးပြုမှုဆိုင်ရာ ဒေတာအချက်အလက်များ (ဥပမာ - ကလစ်နှိပ်မှုများ၊ ကြည့်ရှုမှုများနှင့် ဖြစ်လာနိုင်သည့် ပြဿနာများ သို့မဟုတ် ချို့ယွင်းချက်များ) ကဲ့သို့သော အချက်အလက်များကို အသုံးပြုပါသည်။ သင့်ထံသို့ လုံခြုံ၍ အလုပ်ဖြစ်သော Volvo Cars App ကို ပေးအပ်လိုသည့် ကျွန်ုပ်တို့၏ တရားဝင်ဥပဒေနှင့်လျော်ညီသော လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက် ဤလုပ်ဆောင်ချက်ကို လိုအပ်ပါသည်။ ဤရည်ရွယ်ချက်အတွက် အသုံးပြုသော အချက်အလက်များအား ကောက်ခံပြီးသည့်ရက်မှစ၍ ရက် 30 အထိ ထိန်းသိမ်းထားပါမည်။

2.2. Volvo Cars အဝေးမှ ယာဥ် ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ခွဲခြားသတ်မှတ်နိုင်သောအချက်များ (သင်၏ ပထမအမည်နှင့် မျိုးရိုးအမည်၊ ဖုန်းနံပါတ်၊ Volvo ID (အီးမေးလ်လိပ်စာ)၊ ယာဥ် မှတ်ပုံတင် အမှတ် "VIN"၊ ထူးခြားသည့် စက် ခွဲခြားသတ်မှတ်ချက်ကိရိယာ၊ နှင့် တွန်းထုတ် အသိပေးချက် တုံကင်ကဲ့သို့သော) နှင့် ဝယ်ယူမှု မှတ်တမ်း (ပိုင်ရှင်ဖြစ်သော ကာလ၊ သင်စာရင်းသွင်းထားသော ဝန်ဆောင်ကြေးတစ်ခုခု၊ သင်ယာဥ်၏ မော်ဒယ်လ်နှင့် ထုတ်လုပ်နှစ်၊ နှင့် သက်ဆိုင်သော ယာဥ် အသေးစိတ်သတ်မှတ်ချက်များ)ကို ကောက်ခံသည်။

သင့်ယာဥ်အား အဝေးမှထိန်းချုပ်နိုင်စွမ်း (ဥပမာ ကြိုတင် လေအေးပေးစက်ဖွင့်ခြင်း၊ တံခါးများသော့ချ/ သော့ဖွင့်ခြင်း၊ အင်ဂျင်ကို အဝေးမှစက်နှိုးခြင်း/စက်သတ်ခြင်း၊ အပြင်ဘက် အပူချိန်ပြသခြင်း၊ သူခိုး သတိပေးချက် ခေါင်းလောင်း ရရှိခြင်း)၊ သင့် ယာဥ် အခြေအနေအဆင့်ကို ကြည့်ရှုခြင်း (ဥပမာ ဆီအဆင့်၊ လေကာ ဝါရှာရည် အဆင့်၊ ဘရိတ်ဆီ အဆင့်များ၊ တံခါးသော့ချမှု၊ တာယာလေ သို့မဟုတ် ထိန်းသိမ်းပြုပြင်ရေး သတိပေးချက်များ၊ ဘက်ထရီ အခြေအနေ သို့မဟုတ် အခြားသော ယာဥ် အခြေအနေပြ အချက်ပြမီးများ) ကဲ့သို့သော Volvo Cars အဝေးမှ ယာဥ် ဝန်ဆောင်မှုများ ပံ့ပိုးရန် ကျွန်ုပ်တို့က ဤအချက်အလက်ကို အသုံးပြုပါသည်။

သင့်ယာဥ်အတွက် လာမည့် ထိန်းသိမ်းပြုပြင်ရေးနှင့် ဝန်ဆောင်မှု အသိပေးချက်များနှင့် ဆက်စပ်ပြီး Volvo Cars ရှိ တွန်းထုတ် အသိပေးချက်များပေးပို့ရန်လည်း ကျွန်ုပ်တို့က ဤအချက်အလက်ကို အသုံးပြုပါသည်။ ဟိုက်ဘရစ်နှင့်လျှပ်စစ်အပြည့်သုံးကား များအတွက် အားသွင်းချိန်အဆင်ပြေစွာ စီစဥ်ပေးမည့် နည်းလမ်းတစ်ခု ကမ်းလှမ်းရန် ကျွန်ုပ်တို့က အားသွင်းသည့်နေရာများကို သိမ်းဆည်းပါသည်။ သင်က Volvo Cars App တွင် မြေပုံလုပ်ဆောင်ချက်သုံးနိုင်ရန် မြေပုံပေါ်တွင် သင်၏ Volvo အနေအထားအား ပြသရန် သင်ခွင့်ပြုလျှင် ကျွန်ုပ်တို့သည် သင့်ယာဥ်တည်နေရာအချက်အလက် အပြင် သင့်မိုဘိုင်းစက်၏တညနေရာကိုလည်း ကောက်ခံပါသည်။

သင်အား တောင်းခံသည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်က ဒေတာတစ်ခုခုပရောဆက်လုပ်ခြင်းအား သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဤ‌ဒေတာအား မိမိတို့ပရောဆက်လုပ်ရသည့် အကြောင်းရင်းမှာ သင်နှင့်မိမိတို့ချုပ်ဆိုထားသော စာချုပ် (Art. 6.1. (b) GDPR) အကောင်အထည်ဖော်ရန်ဖြစ်သည်။

သင်၏ မိုဘိုင်း သတ်မှတ်ချက်များဖြင့် သင်၏ တည်နေရာဒေတာ၊ ပြက္ခဒိန်နှင့် အဆက်အသွယ်များအား ကျွန်ုပ်တို့ကို သုံးစွဲခွင့်ပြုပါက သင်၏ အဆက်အသွယ်စာရင်း၊ ပြက္ခဒိန်ဖြစ်ရပ်များ သို့မဟုတ် ရှာဖွေရေး ရလဒ်များကိုအခြေပြုပြီး သင့်ဖုန်းမှ ကားသို့ သွားရောက်လိုသည့် နေရာများကို လွယ်ကူစွာ သင်ပေးပို့နိုင်ရန် ကျွန်ုပ်တို့က ဤဒေတာကို ထောက်ပံ့ဖို့ လုပ်ဆောင်သွားပါမည်။ ဤပရောဆက်ဆင်းအတွက် ဥပဒအကြောင်းရင်းမှာ သင်၏ (Art. 6.1. (b) GDPR) ခွင့်ပြုချက် ဖြစ်ပါသည်။

သင်၏ Volvo Cars အသင်းဝင်မှုမှာ အဆုံးသတ်လာသည့်အခါ သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်အပါအဝင် ဤဝန်ဆောင်မှုနှင့်ချိတ်ဆက်နေသည့် အသေးစိတ်အချက်အလက်များကို ရက်ပေါင်း ကိုးဆယ် (90) ကြာပြီးနောက်ပိုင်းတွင် ဖျက်ပစ်သွားမည်။ Volvo Cars အသင်းဝင်မှုသည် ကားနောက်လိုက်ကြောင်း သတိပြုပါ၊ သို့ဖြစ်၍ ပိုင်ရှင် အပြောင်းအလဲရှိခဲ့ပါက ရောင်းသူအနေဖြင့်သင်သည် သင့်ကားကို အက်ပ်မှဖြုတ်ပြီး သင့်ဒေတာ ဖျက်ပစ်ရန် တာဝန်ရှိပါသည်။ ၎င်းသည် ကားငှားထားသည့်အခါ မူလမှတ်ပုံတင်ထားသော ယာဥ်မောင်းအတွက်လည်း သက်ရောက်သည်။ ညွှန်ကြားချက်ကြည့်ရန်ဤလင့်ခ် အတိုင်း လိုက်နာပါ။

2.3 မောင်းနှင်မှု ဂျာနယ်မှတ်တမ်း

Volvo Cars App ဖြင့်သင်သည် သင့်မောင်းနှင်မှု ဂျာနယ်မှတ်တမ်းအား ယူဖို့သင်‌ရွေးချယ်နိုင်သည်။ အကယ်၍ ဥပမာ သင်၏ မိုင်တိုင်ကို ကုန်ကျမှုကာပေးရာတွင် ၎င်းက အသုံးဝင်နိုင်သည်။ မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို သင်ဖွင့်ထားရမည်၊ သို့မဟုတ်လျှင် ၎င်းက ပိတ်နေပြီး ဒေတာကို ကောက်ခံမည်မဟုတ်ပါ။

မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကို သင်မဖွင့်ထားပါက ကျွန်ုပ်တို့က သင်၏ သတ်မှတ်ဖော်ထုတ်မှုများ (ပထမနှင့် မျိုးရိုးအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ နှင့် VIN) တို့ကို ကောက်ခံပြီး ခရီးစဥ်ဆက်စပ်အချက်အလက် (အချိန်၊ အကွာအဝေး၊ လောင်စာဆီ နှင့်/သို့မဟုတ် လျှပ်စစ်အား အသုံးပြုမှု၊ ဟိုက်ဘရိတ်ဖြစ်လျှင် လျှပ်စစ်ဓါတ်အားစက်) အပါအဝင် ခရီးစဥ်တိုင်းအား ဖော်ထုတ်ရန် သင့်ယာဥ် တယ်လီမက်တစ်မှတဆင့် (စတင်၊ ရပ်တန့်၊ သို့မဟုတ်အောက်တွင် ဖော်ပြထားသည့်အတိုင်း ကားအမျိုးအစားပေါ်မူတည်ပြီး အဆက်မပြတ်) သင့်ယာဥ်တည်နေရာ အချက်အလက်ကို အလိုအလျှောက် ကောက်ခံသည်။ ဓါတ်ဆီနှင့် ဒီဇယ်ကားများအတွက် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းတွင် မောင်းနှင်မှု အသွားအပြန်တိုင်း၏ စတင် နှင့် ပြီးဆုံးအနေအထားများသာ ပါဝင်သည်။ သို့သော် သင့်တွင် ဟိုက်ဘရစ်/ အင်ဂျင်နှစ်လုံးတပ် မော်ဒယ်လ် တစ်စီးရှိလျှင် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းတွင် သင့်ခရီးလမ်းကြောင်းအချက်အလက်များလည်း ပါဝင်သည်။

သင်၏ (Art. 6.1.(a) GDPR) ခွင့်ပြုချက် ကို အခြေခံပြီး ကျွန်ုပ်တို့က ဤဒေတာကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

စည်းကမ်းချက်အနေဖြင့် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းဒေတာကို ရက်ပေါင်း 100 အထိ သိမ်းဆည်းပါသည်။ ပြန်အမ်းငွေ ပြန်တောင်းခံမှု ထံမှ ကားများအကျိုးမြတ်ရရှိသည့် အထူးဖြစ်ရပ်များတွင် မောင်းနှင်မှု ဂျာနယ်မှတ်တမ်း‌ဒေတာကို ရက်ပေါင်း 500 အထိ သိမ်းဆည်းသည်။

သင်က မောင်းနှင်မှု ဂျာနယ်မှတ်တမ်းကိုအချိန်မရွေး ပိတ်နိုင်ပြီး ထိုအခါ ဒေတာကောက်ခံမှုကို ရပ်တန့်သွားမည်။ သို့သော် ၎င်းသည် ယခင်ကောက်ခံထားသည့် အချက်အလက်ကို အလိုလျှောက် ဖျက်ပစ်သွားမည် မဟုတ်ပေ။

2.4 ဧည့်သည်နှင့် ကားမျှစီးခြင်း လုပ်ဆောင်ချက်

Volvo Cars App တွင်ရရှိနိုင်သည့်ကားမျှဝေခြင်းနှင့် ဧည့်သည် လုပ်ဆောင်ချက် ကိုသုံးစွဲသည့်အခါ Volvo Cars သည် အောက်ပါပုဂ္ဂိုလ်ရေး ဒေတာကို ပရောဆက်လုပ်ဆောင်ပါသည်-

  1. မှတ်ပုံတင်ရေးအတွက်- သင်နှင့် သင့်ဧည့်သည်၏ Volvo ID နှင့် သင်၏ တစ်ဦးချင်း သတ်မှတ်ချက်များကို သီးခြား သိမ်းဆည်းပေးနိုင်ရန်ဖြစ်သည်။
  2. SMS မှတဆင့် ဧည့်သည်အား ဖိတ်ကြားရန် -သင်နှင့် သင့်ဧည့်သည်တို့၏ မိုဘိုင်းဖုန်းနံပါတ်များ။
  3. ဧည့်သည်က ကားကို လွယ်ကူစွာရှာဖွေနိုင်စေရန် ကား မော်ဒယ်လ်၊ မော်ဒယ်လ်ထွ္က်သည့်နှစ်၊ ကား အရောင် ၊ လိုင်စင် ပလိပ်နှင့် ကား၏ တည်နေရာ။
  4. ကားတံခါးအဖွင့်အပိတ်လုပ်ရဢ် ဢှင့် သုံးစွဲပြီးဢောက် ကားကို သေချာသော့ချရဢ် ကားတံခါးသော့ အခြေအဢေ။
  5. ဧည့်သည် ခရီးစဥ်များအတွက် မောင်းနှင်မှု ဂျာနယ်မှတ်တမ်းဒေတာ (ဖွင့်ထားလျှင်) သည် ဧည့်သည်နှင့် မူလယာဥ်မောင်းအတွက် ရရှိနိုင်သည်၊ကားအတွက် မောင်းနှင်မှု ဂျာနယ်မှတ်တမ်း ဒေတာအားလုံးကို မူလ ယာဥ်မောင်းအတွက်သာ ရရှိနိုင်ပါသည်၊၊

သင့်ဒေတာပရောဆက်လုပ်ရသည့် ဥပဒေအကြောင်းရင်းမှာ သင်က မိမိတို့နှင့် ချုပ်ဆိုထားသည့် စာချုပ်အရ (Art. 6.1. (b) GDPR) ဖြစ်ပြီး ဧည်သည့်၏ ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ရသော ဥပဒေအကြောင်းရင်းမှာ ကားမျှဝေခြင်း လုပ်ဆောင်ချက်၏ အကျိုးဖြစ်ထွန်းမှုများကိုသင့်ထံ ပံ့ပိုးပေးဖို့ မိမိတို့၏ တရားဝင်ဖြစ်မှု အကျိုးစီးပွား (Art. 6.1. (f) GDPR) ဖြစ်ပါသည်။

ကျွန်ုပ်တို့က ဤပုဂ္ဂိုလ်ရေး ဒေတာအား ဆက်လက်ထားရှိမည်မှာ ၁) ဧည့်သည်ကို မူလ ယာဥ်မောင်းမှ ဖယ်ရှားသည်အထိ ၂) ယာဥ်မောင်း မှတ်တမ်း ဆက်လက်ထားရှိခြင်း စည်းကမ်းချက်နှင့်အညီ သို့မဟုတ် ၃) မည်သည်က အရင်ဖြစ်ဖြစ်၊ ဖြစ်သည့်အတိုင်း အသင်းဝင်မှုအဆုံးသတ်သည်အထိ။

2.5 အက်ပ် ပိုင်းခြား စိတ်ဖြာမှု

သုံးစွဲသူ အပြုအမူအား ပိုနားလည်ရန်၊ App ၏ အသုံးပြုရေးနှင့် စိတ်ချရမှုပိုကောင်းမွန်ရန် အပြင် ဝန်ဆောင်မှုများအား အသုံးပြုပုံနှင့် ဆက်စပ်သည့် အသေးစိတ် သိမြင်နားလည်မှုရရှိရန်၊ အဆိုပါ ဝန်ဆောင်မှုများနှင့် သင့်အတွေ့အကြုံ ပိုကောင်းမွန်စေရန် ကျွန်ုပ်တို့သည် မိမိတို့ App အားအသုံးပြုပုံကို တိုင်းတာပါသည်။ ကျွန်ုပ်တို့ကGoogle Analytics (ကန့်သတ်မုဒ်) ကို သုံး၍ ပြုလုပ်ပြီး သင့် စက် ID၊ စက် IP လိပ်စာ (ကောက်ခံပြီးနောက် ချက်ချင်း အမည်ဝှက်ဖြင့်)၊ Volvo ID နှင့် ယာဥ်ချိတ်ဆက်မှု အခြေအနေကို ပရောဆက်လုပ်သည်။

ဤဒေတာ ပရောဆက်ဆင်းအတွက် ဥပဒအကြောင်းရင်းမှာ မိမိတို့၏ တရားဝင် အကျိုးစီးပွား ((Art. 6.1.f) GDPR) ဖြစ်ပြီး မိမိတို့ App နှင့် မိမိတို့ ဝန်ဆောင်မှုများ သုံးစွဲသည့် အတွေ့အကြုံတိုးတက်ကောင်းမွန်စေရန် ဖြစ်သည်။

ဤဒေတာကို ကောက်ခံသည်မှစ၍ တစ်ဆယ့်လေးလ (14) အထိ သိမ်းဆည်းပါမည်။

2.6 သုတေသနနှင့် တီထွင်ထုတ်လုပ်မှု

မိမိတို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတိုးတက်ကောင်းမွန်ပုံအား ပိုမိုကောင်းစွာ နားလည်ရေးနှင့် ဖော်ဆောင်ရမည့် ဝန်ဆောင်မှုကို သိရှိရန် သုတေသနနှင့် တီထွင်မှု ရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့သည် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ တီထွင်ရေးလားရာအကြောင်း အသိပေးရန် ယာဥ် (VIN ကဲသို့)၊ ထုတ်ကုန်များ(Volvo Cars App နှင့် သုံးစွဲ နူန်းကဲ့သို့)၊ ဖောက်သည် (Volvo ID ကဲ့သို့) နှင့် အရောင်းဒေတာ(ရောင်းချမှု သို့မဟုတ် ဝန်ဆောင်ပေးသည့် လက်လီဖြန့်ချိသူ ကဲ့သို့) ဒေတာအခြေခံသည့်နည်းလမ်းကို အသုံးပြုပြီး ကုတ်အား ရယူပါသည်။ ပရောဆက်လုပ်ခြင်းသည်သင်၏ ခွဲခြားသုံးသပ်မှုနှင့် ဒေတာ သိပ္ပံပညာရှင်များမှ ဆောင်ရွက်သည့် ခွဲခြားသုံးသပ်ရေး၊ မော်ဒယ်လ် ဆင်ယူခြင်းနှင့် သုတေသန အမျိုးအစားများစွာကို လွှမ်းခြုံပါသည်။

ဤပရောဆက်ဆင်းအတွက် ဥပဒအကြောင်းရင်းမှာ မိမိတို့၏ တရားဝင် အကျိုးစီးပွား ((Art. 6.1.f) GDPR) ဖြစ်သည်။ ဖြစ်နိုင်သည့်အခါတိုင်း ကျွန်ုပ်တို့သည် အမည်ဝှက်နှင့် အမည်လွှဲပြောင်းထားသည့် ဒေတာများ ခွဲခြားသုံးသပ်မှုကို ကန့်သတ်ပါသည်။ ပရောဆက်လုပ်ဆောင်မှုတွင် သင်နှင့်ဆက်စပ်ပြီး အလိုလိုလုပ်သည့် ဆုံးဖြတ်ချက်တစ်ခုမှ မပါဝင်ပေ။

ကျွန်ုပ်တို့သည် ဤဒေတာကို ဆယ်နှစ် (10) နှစ်အထိ ဆက်လက်ထားရှိသည်။

2.7 Volvo Cars App အတွက် သင့်အသင်းဝင်မှု

သင်က Volvo Cars အဝေးမှ ယာဥ် ဝန်ဆောင်မှုများအတွက် အသင်းဝင်ကြေးတစ်ခုရှိလျှင် ဤဝန်ဆောင်မှုကို Volvo Cars App တွင် သက်တမ်းတိုးဖို့ အခွင့်အလမ်းတစ်ခု ရပါမည်။ သင်ကထိုသို့ပြုလုပ်သည့်အခါ သင့်အသင်းဝင်မှုအား စီမံခြင်း အပြင် ကျွန်ုပ်တို့သည် သင်၏ သတ်မှတ်ဖော်ထုတ်မှုများ (ပထမနှင့် မျိုးရိုးအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ VIN) နှင့် သင်၏ ဝယ်ယူမှု အခြေအနေ၊ မှတ်တမ်းတို့ကို ပရောဆက်လုပ်သည်။ မိမိတို့ ပရောဆက်လုပ်သည့် ရည်ရွယ်ချက်မှာ တရားဝင် အသိပေးရေးအတွက် အာဏာပိုင်များနှင့် ဆက်သွယ်ဖို့လိုအပ်ချက်များ၊ ဆက်စပ်ဝန်‌ဆောင်မှုပေးဖို့ သင့်တောင်ခံမှုအား စီမံပေးရေး၊ ထောက်ပံ့ပေးအပ်မှု နောက်ဆက်တွဲ လုပ်‌ဆောင်ပေးရေးအပါအဝင်သင့်ဝယ်ယူမှုအား စီမံပြီးစောင့်ကြည့်စစ်ဆေးရန် နှင့် သင်ဝယ်ယူခဲ့သည့် ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ အပ်ဒိတ်များ ဆက်သွယ်အသိပေးရန် ဖြစ်သည်။ သင်ငွေပေးချေမှုကို ပရောဆက်လုပ်ရန် ပြင်ပအဖွဲ့အစည်း ငွေပေးချေရေးပံ့ပိုးသူတစ်ဦးကို အသံဒးပြုပြီး ၎င်းမှာ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ၎င်းတို့မှ သီးခြား ပရောဆက်လုပ်သည်၊ မိမိတို့၏ ငွေပေးချေရေး ပရောဆက်ဆာ၏ ကိုယ်ပိုင်မူထုတ်ပြန်ချက်အကြောင်းကို အောက်ရှိ အပိုင်း 3 တွင် နောက်ထပ်ဖတ်ရှုနိုင်သည်။

ဒေတာ ပရောဆက်ဆင်းအတွက် ဥပဒအကြောင်းရင်းမှာ မိမိတို့၏ သင်နှင့်ချူပ်ဆိုထားသော (Art. 6.1. (b) GDPR) စာချုပ်အကောင်အထည်ဖော်‌ရန်အတွက် ဤလုပ်ဆောင်ချက်မှာ လိုအပ်သည်။

သင်က ပြန်လည်အသင်းဝင်ဖို့ ရွေးချယ်ခဲ့သည့်အခါ ဝန်ဆောင်မှု ဆက်ပေးနိုင်စေရန် သင်၏ Volvo Cars အသင်းဝင်ကြေး သက်တမ်းကုန်ပြီးနောက် ရက်ပေါင်းကိုးဆယ်(90) အထိ သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကို ဆက်လက်ထားရှိပါမည်။ ၎င်းအပြင် ငွေကြေးသတင်းပို့ခြင်းနှင့် စာရင်းတင်ပြခြင်းနှင့်အညီ သင်၏ ဝယ်ယူမှုနှင့်သက်ဆိုင်သည့် ဒေတာကို ဆယ်နှစ် (10) အထိမော်ကွန်းတိုက်တွင်ထားရှိမည်- ဤသည်မှာ ဥပဒေအရ ဝတ္တရားဖြစ်သည်(Art. 6.1. (c) GDPR)။

3. သင့်ပုဂ္ဂိုလ်ရေး ဒေတာအား မျှဝေပုံ

Volvo Car Corporation မှလုပ်ဆောင်သည့် အထက်ဖော်ပြပါ ပရောဆက်လုပ်ခြင်းသည် သင်သိရန်လိုအပ်သည့်အတိုင်း သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ရာတွင် အောက်ပါ ပြင်အဖွဲ့အစည်း အမျိုးအစားတို့ ပါဝင်နေသည်-

ပရောဆက်ဆာများမှ ပရောဆက်လုပ်ခြင်း

မိမိတို့Volvo Cars App ပံ့ပိုးမှုတွင် ထောက်ပံ့ပေးသော ပရောဆက်ဆာ အမျိုးအစားများမှာ-

  • ကလောက်ဒ် ချိတ်ဆက်မှု ဝန်ဆောင်မှု ပံ့ပိုးသူ-
  • ဒေတာ ဟိုစတင်း;
  • တွန်းထုတ် အသိပေးချက်များ;
  • အီးမေးလ် များ ဖြန့်ဝေမှု;
  • ချက်လုပ်ဆောင်ချက်နှင့် ဖောက်သည် ထောကူပြုရေး ဆောင်ရွက်ချက်;
  • ဒီဂျစ်တယ် ဝန်ဆောင်မှု ကြိုတင်မှာယူခြင်း နှင့် Volvo Valet အတွက် ရွေးချယ်ထားသည့် Volvo ကား လက်လီဖြန့်ချိသူ-နှင့်
  • အသင်းဝင်ကြေး ကုန်ပို့လွှာ စီမံသူ.

သူတို့သည် ဒေတာ ပရောဆက်လုပ်ခြင်းသဘောတူညီမှုတစ်ခုစီနှင့်အညီလိုက်နာချက်အရ မိမိတို့အတွက် ဝန်‌ဆောင်ပေးရုံမှတပါး သင်၏ပုဂ္ဂိုလ်ရေး ဒေတာအား မည်သည့်ရည်ရွယ်ချက်မဆိုအတွက် သုံးစွဲရန် စာချုပ်အရ ကန့်သတ်မှုရှိသည်။ ဤအခြေအနေများအနက် အချို့မှာ ပရောဆက်ဆာသုံးစွဲမှုသည် ဥရောပ သမ္မဂပြင်ပတွင် ကန့်သတ်ထားသည့် ပုဂ္ဂိုလ်ရေး ဒေတာ လွှဲ ပြောင်းမှုတို့ ပါဝင်နေသည်။ အဆိုပါလွှဲပြောင်းမှုမှာ အနိမ့်ဆုံးလိုအပ်ချက်အထိ ကန့်သတ်ထားကြောင်း၊ သင်မည်သူဖြစ်ကြောင်း တိုက်ရိုက် မဖော်ထုတ်နိုင်သော ဒေတာသာ ပါဝင်ကြောင်း၊ သို့ဖြစ်၍ ခွင့်ပြုချက်မပေးသော ဖွင့်ဟမှုတွင် ဘေးအနိမ့်ဆုံးဖြစ်စေကြောင်း ကျွန်ုပ်တို့မှ ကြိုတင်သတိပြုမှုများ လုပ်ဆောင်ထားပါသည်။

Volvo ကားအုပ်စု၏ အခြားအဖွဲ့ဝင်များနှင့် မျှဝေခြင်း

အထက်ရှိ အပိုင်းများ 2.6 နှင့် 2.7 တွင်ဖော်ပြထားသည့် ဒေတာကို ဒေတာမူလရင်းမြစ်များမှဖြစ်သည့် နိုင်ငံရှိ မိမိတို့ နိုင်ငံသား အရောင်းကုမ္ပဏီ နှင့်အတူ မျှဝေသည်မှာ အောက်ပါရည်ရွယ်ချက်များအတွက်ဖြစ်သည်-

  • လက်လီဖြန့်ချိသူ စွမ်းဆောင်ရည်အား အကဲဖြတ်ခြင်း-
  • ဖောက်သည် ထောက်ပံ့ပေးရေး
  • မားကတ်တင်း အစုခွဲရေး-
  • အသင်းဝင်ကြေး သက်တမ်းတိုးခြင်းနှင့် ပြန်လည်ဖွင့်ထားခြင်းအား စိစစ်ရေး။

အခြားပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်း (သီးခြား ထိန်းချုပ်သူများ)

သင့်ထံမှ ငွေပေးချေမှု ဒေတာတိုက်ရိုက် ကောက်ခံပြီး မိမိတို့နှင့် မျှဝေခြင်းမရှိသည့် ပြင်ပအဖွဲ့အစည်းများမှ တဆင့် ကျွန်ုပ်တို့က ပေးချေမှု လုပ်ဆောင်ရေး-

  • Stripe Inc. (ငွေပေးချေရေး ဝန်ဆောင်မှု၊ ငွေတောင်းခံမှု၊ ကုန်ပို့လွှာနှင့် အသင်းဝင်ကြေး စီမံကြီးကြပ်မှု ပံ့ပိုးသူ)။ ၎င်းတို့၏ ကိုယ်ပိုင်မူကို https://stripe.com/en-se/privacy တွင် ကြည့်ရှုနိုင်သည်။

သင်နှင့် သင့်ကားတည်နေရာကို ပြသရန် Volvo Cars App သည် Google Maps ကို အသုံးပြုပါသည်။ သင်က သူတို့၏ ကိုယ်ပိုင်မူ ထုတ်ပြန်ချက်ကို https://policies.google.com/privacy တွင်ကြည့်နိုင်သည်။

4. ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်းနှင့် ဆက်စပ်၍သင့်အခွင့်အရေးများ

ဒေတာပိုင်ဆိုင်မှုဖြစ်သူတစ်ဦးနေအဖြင့်သင့်အကြောင်းမိမိတို့ ပရောဆက်လုပ်သည့် ပုဂ္ဂိုလ်ရေး ဒေတာနှင့်ဆက်စပ်၍ General Data Protection Regulation မှ ခွင့်ပြုထားသည့် ဥပဒေဆိုင်ရာ အခွင့်အရေး သင့်တွင်ရှိသည်၊ ၎င်းတို့ကို အောက်တွင် အကျဥ်းချုပ်ရှင်းပြထားပြီး အောက်တွင် ညွှန်းပြထားသည့် ရည်စူးဖောင်ကိုဖြည့်စွက်ခြင်းဖြင့် ၎င်းတို့ကို သင်ကျင့်သုံးနိုင်သည်။

  1. ခွင့်ပြုချက် ရုပ်သိမ်းခွင့် - သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်းအတွက် သင်ခွင့်ပြုချက်ပေးထားသည့်အခါ ရှေ့အနာဂတ်တွင် သက်ရောက်မှုနှင့်အတူ သင့်ခွင့်ပြုချက်ကို သင်အချိန်မရွေး ရုပ်သိမ်းနိုင်သည်။
  2. သင်၏ ပုဂ္ဂိုလ်ရေး ဒေတာအား သုံးစွဲပိုင်ခွင့်- ကျွန်ုပ်တို့မှ ထိန်းသိမ်းထားသည့် သင့်ပုဂ္ဂိုလ်ရေး ဒေတာနှင့်ဆက်စပ်သော အချက်အလက်ကိုကျွန်ုပ်တို့ထံမှ သင်တောင်းယူခွင့်ရှိသည်။ တောင်းခံမှုလုပ်လျှင် ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာ မိတ္တူကို သင့်ထံ ပံ့ပိုးသွားမည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာ၏ နောက်ထပ်မိတ္တုများကို သင်တောင်းခံလျှင် စီမံအုပ်ချုပ်ရေး ကုန်ကျမှုပေါ်အခြေခံထားသည့် ကျိုးကြောင်းသင့်တော်သော အခေကြေးကို သင့်ထံ ကောက်ခံပါမည်။ ကျွန်ုပ်တို့က သင့် ပုဂ္ဂိုလ်ရေး ဒေတာအား ပရောဆက်လုပ်မလုပ် အတည်ပြုရန်၊ EU နှင့် EEA ပြင်ပရှိနိုင်ငံတစ်ခုတွင် သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းမှုရှိမရှိ သိရှိရန် သင်တောင်းခံလျှင် EU နှင့် EEA ပြင်ပရှိနိုင်ငံတစ်ခုတွင် သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းမှုအတွက် မိမိတို့၏ဘေးကင်းလုံခြုံရေးလုပ်ထုံးများကြောင်း အချက်အလက်ကို သင်ရယူခွင့်ရှိသည်။
  3. ပြန်လည် ပြုပြင်ဆင်ခွင့်- သင်နှင့်ဆက်စပ်၍ မမှန်ကန်သော သို့မဟုတ် မပြည့်စုံသော ပုဂ္ဂိုလ်ရေး ဒေတာအား ပြန်လည် ပြုပြင်ဆင်မှုကို ကျွန်ုပ်တို့မှ သင်ရယူခွင့်ရှိပါသည်။ မိမိတို့အတွက် ရရှိနိုင်သော လတ်တလောအဖြစ်ဆုံး အချက်အလက်ပေါ်အခြေခံပြီး တိကျမှန်ကန်သော၊ ပြည့်စုံသော၊ လက်ရှိဖြစ်၍ သက်ဆိုင်မှု၊ ဆက်သွားနေမှုတွင် အသုံးပြုရာတွင် ကျွန်ုပ်တို့မှ ပုဂ္ဂိုလ်ရေး ဒေတာလက်ဝယ်ထားရှိရန် သို့မဟုတ် ထိန်းချုပ်ရန် ကျိုးကြောင်းဆီလျော်သည့် အားထုတ်မှု ပြုလုပ်သွားမည်။
  4. ကန့်သတ်ခွင့်- ကျွန်ုပ်တို့မှ သင့်ပုဂ္ဂိုလ်ရေး ဒေတာ ပရောဆက်လုပ်ခြင်းအားသင် ကန့်သတ်နိုင်သည် အကယ်၍-
    1. ကျွန်ုပ်တို့မှ တိကျမှန်ကန်မှုအား စစ်ဆေးအတည်ပြုရန်လိုသည့် ကာလအတွက် သင့်ပုဂ္ဂိုလ်ရေး ဒေတာတိကျမှန်ကန်မှုကို သင်ခွင့် ပြုထောက်ခံလျှင်၊
    2. ပရောဆက်လုပ်ခြင်းမှာ ဥပဒေမဲ့ဖြစ်ပြီး သင့်ပုဂ္ဂိုလ်ရေး ဒေတာအား ဖျက်ပစ်မည့်အစား ပရောဆက်လုပ်ခြင်းကို ကန့်သတ်ရန် သင်တောင်းခံလျှင်၊
    3. ပရောဆက်လုပ်ဖို့ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့မလိုအပ်တော့သော်လည်း ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက် ၎င်းတို့အား လိုအပ်လျှင် သို့မဟုတ်
    4. မိမိတို့၏ ဥပဒေအကြောင်းရင်းခံမှာ သင်၏အကြောင်းရင်းခံအား ပယ်ချမှု ရှိမရှိ ကျွန်ုပ်တို့ စစ်ဆေးအတည်ပြုစဥ် ပရောဆက်လုပ်ခြင်းကို သင်ကန့်ကွက်လျှင်။
  5. ပြောင်းလဲသယ်ယူခွင့်- မိမိတို့ထံ သင်ပေးထားသည့် သင့်ပုဂ္ဂိုလ်ရေး ဒေတာကို သင်လက်ခံရရှိခွင့် နှင့် နည်းပညာအရ အဆေင်ပြေအောင် ဆောင်ရွက်ပေးနိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ အခြားအဖွဲ့အစည်းတစ်ခုသို့ သင့်ပုဂ္ဂိုလ်ရေး ဒေတာလွှဲပြောင်းပေးရန် (သင်မှမိမိတို့ထံပေးသည့်) သင်တောင်းခံခါင့်ရှိသည်မှာ အကယ်၍-
    1. ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာကို အလိုအလျှောက်နည်းဖြင့် ပရောဆက်လုပ်ပါက-
    2. သင့်ခွင့်ပြုချက်ဖြင့် သင့်ပုဂ္ဂိုလ်ရေး ဒေတာကိုကျွန်ုပ်တို့က စတင်ပရောဆက်လုပ်ခြင်း သို့မဟုတ် မိမိတို့၏ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ပရောဆက်လုပ်ခြင်းမှာ သင်မှချုပ်ဆိုထားသည့် စာချုပ်အကောင်အထည်ဖော်မှု သို့မဟုတ် စွမ်းဆောင်မှုအတွက် လိုအပ်ပါက-
    3. သင်က သင်၏ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့ထံ ပေးအပ်ထားပါက -နှင့်
    4. သင်၏ပြောင်းလဲသယ်ယူခွင့်သည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား တန်ပြန်သက်ရောက်မှု မရှိပါက။
    သင်၏ပုဂ္ဂိုလ်ရေးဒေတာကို စနစ်တကျဖွဲ့စည်းထားပြီး စက်ဖြင့် ဖတ်ရှု၍ရသော အသုံးများသော ပုံစံဖြင့် ရရှိခွင့်သင့်တွင်ရှိသည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာရရှိနိုင်သည့် သင့်အခွင့်အရေးသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား တန်ပြန်သက်ရောက်မှု မရှိရ။ သင့်ပုဂ္ဂိုလ်ရေး ဒေတာအား မိမိတို့ထံမှ အခြားအဖွဲ့အစည်းတစ်ခုထံသို့ လွှဲပြောင်းရန် သင့်အခွင့်အရေးသည် အဆိုပါ လွှဲပြောင်းမှုမှာ နည်းပညာအရ လုပ်ဆောင်ပေးနိုင်ပါက သင့်တွင်ရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
  6. ဖျက်ပစ်ခွင့်- သင့်အကြောင်း ကျွန်ုပ်တို့ ပရောဆက်လုပ်သည့် ပုဂ္ဂိုလ်ရေး ဒေတာအား ကျွန်ုပ်တို့ဖျက်ပစ်ရန် သင်တောင်းဆိုပိုင်ခွင့်ရှိသည်။ ပရောဆက်လုပ်ခြင်းမှာ မလိုအပ်လျှင် ကျွန်ုပ်တို့က သင့်ပုဂ္ဂိုလ်ရေး ဒေတာကို ပရောဆက်လုပ်ပါက ဤတောင်းခံမှုကို ကျွန်ုပ်တို့ ဖြည့်ဆီးပေးရမည်-
    1. အချက်အလက်များ နှင့် လွတ်လပ်စွာပြောဆိုခွင့်အား ကျင့်သုံးမှုအတွက်-
    2. လိုက်နာရမည်ဖြစ်သည့် သမ္မဂ သို့မဟုတ် အဖွဲ့ဝင် နိုင်ငံဥပဒေအရ ပရောဆက်လုပ်ခြင်းလိုအပ်သည့် ဥပဒေဆိုင်ရာ ဝတ္တရားနှင့်အညီ လိုက်နာမှုအတွက်-
    3. ပြည်သူ့အကျိုးစီးပွား၊ သိပ္ပံနည်းပညာသို့မဟုတ် သမိုင်းဆိုင်ရာ သုတေသနပြုလုပ်မှု သို့မဟုတ် ကိန်းဂဏန်းအချက်အလက်ထုတ်လုပ်မှု အတွက် သို့မဟုတ်
    4. ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက်။
  7. ကန့်ကွက်ခွင့်- ပရောဆက်လုပ်ခြင်းမှာ သင့် ခွင့်ပြုချက် ပေါ် အခြေမခံဘဲ မိမိတို့၏ တရားဝင်ဖြစ်မှု အကျိုးစီးပွား သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏ တရားဝင်ဖြစ်မှု အကျိုးစီးပွား ပေါ်အခြေခံမှုအား ထောက်ရှုခြင်းအားဖြင့် သင်၏ အထူးအခြေအနေတရပ်ကြောင့် သင့်ပုဂ္ဂိုလ်ရေး ဒေတာပရောဆက်လုပ်ခြင်းကို သင်အချိန်မရွေး ကန့်ကွက်နိုင်သည်။ ဤဖြစ်ရပ်တွင် ကျွန်ုပ်တို့သည် ဥပဒေဆိုင်ရာ တောင်းခံမှုများစတင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံချေပရန်အတွက်ဖြစ်စေ ပရောဆက်လုပ်ရန်အတွက်ဖြစ်စေ လက်ခံရမည်ဖြစ်သော တရားဝင်ဖြစ်မှုအကြောင်းရင်းခံများကို မပြသနိုင်လျှင် နှင့် အကျိုးစီးပွားတစ်ခုကို မပယ်ချနိုင်လျှင် သင်၏ ပုဂ္ဂိုလ်ရေး ဒေတာကို ကျွန်ုပ်တို့မှ ပရောဆက်မလုပ်စေရ။ သင်က ပရောဆက်လုပ်ခြင်းကို ကန့်ကွက်လျှင် သင့်ပုဂ္ဂိုလ်ရေး ဒေတာအား ဖျက်ပစ်လိုခြင်း ရှိမရှိလည်း အတိအလင်းဖော်ပြပါ သို့မဟုတ်လျှင် ကျွန်ုပ်တို့က ကန့်သတ်မှုသာပြုလုပ်သွားမည်။ သင့်ပုဂ္ဂိုလ်ရေး ဒေတာကို တိုက်ရိုက်မားကတ်တင်းအတွက် ပရောဆက်လုပ်မှု (အဆိုပါတိုက်ရိုက်မားကတ်တင်းနှင့် ဆက်စပ်သည့် အတိုင်းအတာအထိ ပရိုဖိုင်သွင်းခြင်း ပါဝင်သည်) နှင့် အဆိုပါ ပရောဆက်လုပ်ခြင်းမှာ မိမိတို့ တရားဝင်ဖြစ်မှု အကျိုးစီးပွားပေါ် အခြေခံလျှင် အကြောင်းရင်းတစ်ခုခုမည်သို့ပင်ရှိစေကာမူ သင်က အချိန်မရွေး ကန့်ကွက်ပိုင်ခွင့်ရှိသည်။ မားကတ်တင်းမှာ သင့်ခွင့်ပြုချက်ပေါ် အခြေခံပါက သင့်ခွင့်ပြုချက်ကို သင်ရုပ်သိမ်းနိုင်သည် (အထက်တွင်ကြည့်ပါ)-
  8. မကျေနပ်ချက်အား တိုင်ကြားခွင့်- သင်က မကျေနပ်ချက်တစ်ခုကို သင်၏ ဒေသဆိုင်ရာ ဒေတာ ကာကွယ်ပေးရေး သင့်အထက်လူကြီး အာဏာပိုင်ထံတွင်ဖြစ်စေ EU ရှိ မည်သည့် ဒေတာ ကာကွယ်ပေးရေး အာဏာပိုင်မဆိုထံတွင်ဖြစ်စေ သင်တင်ပြခွင့်ရှိသည်။ သို့သော် သင့်ပြဿနာကို အရင်ဆုံးကြိုးစားဖြေရှင်းပေးရန် မိမိတို့အား ဆက်သွယ်မှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်- မိမိတို့အား ဆက်သွယ်ရန် အသေးစိတ်ကို အောက်တွင်တွေ့နိုင်သည်။

သင့်တောင်းခံမှုကို သင့်တောင်စွာ ကူညီဖြေရှင်းနိုင်စေမည့် ဤဖောင် အားဖြည့်စွက်ခြင်းဖြင့် (အရင်ဆုံး သင့်နိုင်ငံ သို့မဟုတ် ဒေသကိုရွေးပြီးနောက် ဖောင်ကို အွန်လိုင်းတွင်ဖြည့်စွက်ပါ) မိမိတို့နှင့်ဆက်နွယ်နေသည့် သင့်အခွင့်အရေးကို သင်အသုံးချနိုင်သည်။ ွအန်လိုင်းဖောင်တွင် သင်မှတ်ပုံတင်အား စစ်ဆေးအတည်ပြုရန်လိုအပ်သည့် အချက်အလက်နှင့် သင့်တောင်းခံမှုအား သုံးသပ်ရန်တို့ ပါရှိသည်။ တယ်လီဖုန်းသို့မဟုတ် အီးမေးလ်ဖြင့် တင်သွင်းသည့် တောင်းခံမှုများအတွက် ပုဂ္ဂိုလ်ရေး ဒေတာကောက်ခံ- ခံရသောသူမှာ သင်ဖြစ်ကြောင်း ကျွန်ုပ်တို့မှ အကျိုးသင့်အကြောင်းသင့် စစ်ဆေးအတည်ပြုနိုင်ဖို့ လုံလောက်သည့် အချက်အလက် ကို သင်ပေးရမည်ဖြစ်သလို သင့်တောင်းခံမှုအား သင့်လျော်စွာ အကဲဖြတ်နိုင်စေမည့် လုံလောက်သောအသေးစိတ်များကိုလည်း သင့်တောင်းခံမှုတွင် ဖော်ပြဖို့ လိုအပ်သည်။ ပံ့ပိုးထားသည့် အချက်အလက်ဖြင့် ကျွန်ုပ်တို့မှ တောင်းခံမှုကြည့်ရှု၍ ဖျက်ပစ်ဖို့အတွက် သင်၏မှတ်ပုံတင်ကို စစ်ဆေးအတည်မပြုနိုင်သည့်အခါ ကျွန်ုပ်တို့က သင့်ထံမှ နောက်တိုးအချက်အလက်များ တောင်းခံပါမည်။

ဤသတိပေးချက်တွင်ဖော်ပြထားသည့် ပူးတွဲထိန်းချုပ်သူအားလုံးနှင့် ဆက်စပ်၍ ဤအခွင့်အရေးများကို သင်ကျင့်သုံးနိုင်သည်။

5. ဆက်သွယ်ရန် အချက်အလက်

သင့်အခွင့်အရေးများကိုကျင့်သုံးရန် အထက်ရှိ အပိုင်း ၄ ကိုကြည့်ပါ။ ပုဂ္ဂိုလ်ရေး ဒေတာကာကွယ်ပေးခြင်းနှင့် စပ်လျဥ်း၍ သင့်တွင် မေးစရာတစ်ခုခုရှိလျှင် မိမိတို့ထံ အောက်ပါ ဆက်သွယ်ရန် အချက်အလက်မှတဆင့် ဆက်သွယ်နိုင်သည်-

Volvo Car Corporation

စာပို့ရန် လိပ်စာ- Assar Gabrielssons väg, SE-405 31, Gothenburg, Sweden

အီးမေးလ်လိပ်စာ-globdpo@volvocars.com

6. မိမိတို့ ကိုယ်ပိုင်မူ အသိပေးချက် ပြောင်းလဲခြင်းများ

မိမိတို့၏ ကိုယ်ပိုင်မူ ကျင့်သုံးမှုများအား ချိန်ညှိပြင်ဆင်ရန်၊ ဤ ကိုယ်ပိုင်မူ အသိပေးချက်အား အချိန်မရွေး ပြင်ဆင်ဖြည့်စွက်ရန် အခွင့်အရေးကို မိမိတို့၏ အကြွင်းမဲ့လုပ်ပိုင်ခွင့်ဖြင့် သီးသန့်ထားရှိသည်။ ဤသတိပေးချက်တွင် အခြေအနေပြောင်းလဲမှုကို ကျွန်ုပ်တို့ပြုလုပ်သည့်အခါတိုင်း အထူးသဖြင့် ဤသတိပေးချက်မှာ သင့်ခွင့်ပြုချက်ကို မီးမောင်းထိုးပြသည့်အခါ အပြောင်းအလဲများအကြောင်းကို သင်ထံ အသိပေးသွားပါမည်။ ဤကိုယ်ပိုင်မူ အသိပေးချက်မှာ စာရွက်စာတမ်းအပေါ်ထိပ်တွင် မြင်တွေ့ရသည့် ရက်စွဲမှာ လက်ရှိသက်ဝင်ပါသည်။